Thursday, March 24, 2016

      Play store / Gmail / Gtalk များသွင်း​ပေးမယ့်​ zip filesများစုစည်းမှု

        Google services (playstore/gmail/gtalk apk)မပါတဲ့ huawei phများ၊ သို့မဟုတ်​ အ​ကြောင်းအမျိုးမျိုး​ကြောင့်​ miui romတင်​လိုက်​လို့ google serviceမပါလို့
COC ​ဆော့မရ​တော့တဲ့ သယ်​ရင်းများအတွက်
ဒီzip fileအသီးသီးက သင့်​ကိုကူညီပါလိမ့်​မယ်​ဗျာ...
အခြား​နေရာ​တွေက​နေလည်း andriod version တစ်​မျိုးအတွက်​ zip fileတစ်​ခုချင်းစီကို downဖူးကြမှာပါ
နော်​လည်း v4.2အတွက်​ ဆွဲဖူးတယ်​ဗျ.
အားပါး.လန့်​စရာsizeကြီးဗျာ size- 80MB အနည်းဆုံးပဲ  ​သေရချည်​ရဲ့ဗျာ...။
နော်​ခု​ပေးမယ့်​ zip​လေး​တွေက log inဝင်​ပြီးမှ
ဆွဲရတာကလွဲလို့ sizeက 8MB မှ 20MBအတွင်းမို့ ​အေး​ဆေးဆွဲရုံပါပဲ...

ဒေါင်းယူနည်း...
ပထမဆုံး ဒီမှာ login ဝင်ပါ username- tom smith ပါ password- yanagwinnပါ 

ပြီးမှ မိမိandriod versionအလိုက်​ဆိုင်​ရာlinkကို ကလစ်​ပြီးdownပါ

Zipတင်​နည်းပါ​ပေးထားတာမို့ အ​ထွေအထူးမရှင်း​ပေး​တော့ပါ

ကဲ..စလိုက်​ကြစို့..

Ultra Slim Gapps
Category: GAPPS

ROM Version: Android version 4.04 to 4.4.xx
Listed: 12/22/2014 2:06 pm

၁။Andriod version 4.0.4အတွက်​ပါ

၂။Andriod version 4.1.1 and 4.1.2အတွက်​ပါ

၃။Andriod version 4.2.1 and 4.2.2.အတွက်​ပါ

၎။ Andriod version 4.3အတွက်​ပါ

၅။ Andriod Version 4.4.3အတွက်​ပါ

၆။Andriod version 4.4အတွက်​ပါ

Description:

★★★ Should work on any device with appropriate Android version! ★★★

Idea of this package is minimal memory usage and letting user install apps he need from Play Store.

Zip packages included :

 - GmsCore.apk [4.3|4.2.2]
- GoogleBackupTransport.apk
- GoogleCalendarSyncAdapter.apk
- GoogleContactsSyncAdapter.apk
- GoogleFeedback.apk
- GoogleLoginService.apk
- GooglePartnerSetup.apk
- GoogleServicesFramework.apk
- NetworkLocation.apk
- Phonesky.apk
- SetupWizard.apk

Android 4.4 – KitKat

Android 4.3 – Jelly Bean 

Android 4.2.1 – 4.2.2 – Jelly Bean

Android 4.1.1 – 4.1.2 – Jelly Bean

Android 4.0.3 – 4.0.4 – Ice Cream Sandwich
⚠ NOTE: Flashing YourZgapps will remove all standard GApps .apk files from /system/app and then install the new ones!

? How to install:
After installing your favorite ROM, follow the steps below to install YourZgapps…
1) Copy YourZgapps zip to sdcard
2) Boot into recovery
3) Wipe cache/dalvik
4) Flash YourZgapps zip from sdcard*
5) Wipe cache/dalvik
6) Reboot system and enjoy!

* XS version works best after clean ROM install.

? How to add back removed APKs:
1) Download it from downloads folder
2) Copy it to /system/app/
3) Check if permissions are rw- r- r- (if not, set them like that)
4) Reboot.

အဆင်​​ပြေကြပါ​စေ။   ။

Wednesday, March 9, 2016

Android ဖုန်းကို Root လုပ်နည်းနှင့် + Android ဖုန်းမှာ Myanmar Fonts ထည့်နည်း

Android ဖုန်းကို Root လုပ်နည်းနှင့် + Android ဖုန်းမှာ Myanmar Fonts ထည့်နည်း




   ဟိုနေ့က ကျွန်တော့်ကို အစ်ကိုတစ်ယောက် အကူအညီ တောင်းလို့ ဒီအကြောင်းအရာလေးကို တစ်ခြား မသိ့သေးတဲ့ သူတွေပါသိ့အောင်ဆိုပြီး Post ရေးပြီး တင်ပေးလိုက်တာပါ။ အဲဒီအစ်ကိုက သူ့ဖုန်းကို ဆိုင်မှာ မြန်မာ Fonts သွားထည့်တော့ ဆိုင်က ပြောတယ် ။ အစ်ကို့ဖုန်းက တစ်ခြားဖုန်းတွေလို မဟုတ်ဘူး။ root လုပ်ရတာလဲ မလွယ်ဘူး။ အရမ်းခက်တယ်တဲ့။ service ကြေး 13000 တောင်းတဲ့သူက တောင်း ၊ 15000 တောင်းတဲ့သူကတောင်းနဲ့ ။ ဘယ်ဆိုင်တွေလဲ ဆိုတာတော့ မရေးတော့ပါဘူး။ အဲဒီအစ်ကို ကိုင်တဲ့ဖုန်းက Samsung Galaxy Y GT-S5360 ပါ။ ကျွန်တော်လဲ အဲဒီ အစ်ကိုဖုန်းကို စမ်းလုပ်ပေးရင်းနဲ့ တစ်ခြား မသိ့သေးတဲ့ သူတွေပါ အဆင်ပြေအောင်ဆိုပြီး ရေးလိုက်တာပါ။ ပုံတွေနဲ့ သေချာ ရှင်းမပြနိုင်တာတော့ နားလည်ကြပါ။ ဒါပေမဲ့ အဆင်ပြေမှာပါ။   
Root ဆိုတာ ဘာလဲ .......... ??  
Samsung Galaxy Y ကို Root လုပ်တာ ဒီလိုမျိုးပါဆိုပြီး ကျွန်တော်ချရေးသွားလို့ ရပါတယ်။ ဒါပေမဲ့ စာဖတ်သူတွေထဲမှာ တစ်ခြား မသိ့သေးတဲ့သူတွေ ပါခဲ့ရင် ကျွန်တော် ဘာတွေ လျှောက်ရေးထားတာလဲလို့ ထင်သွားမှာပေါ့။ ပညာရပ်တစ်ခုက သူ့ရဲ့ အခြေခံ သဘောတရားကို နားလည်ထားမှ သာလျှင် ဆက်ပြီးလေ့လာလို့ အဆင်ပြေနိုင်ပါတယ်။ အခြေခံ သဘောတရားကို သေချာမသိ့ပဲနဲ့ ဟိုဟာလျှောက်ဖတ် ဒီဟာ လျှောက်ဖတ် လုပ်နေရင်တော့ တစ်ချိန်ချိန်မှာ ခင်ဗျား တိုင်ပတ်မှာ အသေအချာပဲ ....  
Root ဆိုတာ ဘာလဲတဲ့။ မူလတန်း ကလေးတောင် သိ့ပါတယ် ။ အမြစ် ပေါ့ ။ အမြစ် ဆိုမှတော့ တွေးကြည့်လိုက်ပါ။ သစ်ပင်တစ်ပင်ရဲ့ အသက် ၊ လေဒဏ် ၊ မိုးဒဏ် တွေကို ကာကွယ်ဖို့အတွက် မားမားမတ်မတ် ရပ်တည်နိုင်ဖို့အတွက် အရေးကြီးဆုံး အဓိက အစိတ်အပိုင်းတစ်ခုပေါ့။ နည်းပညာမှာတော့ ဒီ Root ဆိုတာ Linux Open Source Operation System ရဲ့ အသုံးအနှုန်းတစ်ခုပါ။ Android ဆိုတာလဲ linux ကိုအခြေခံ ဖန်းတီး ပြုလုပ်ထားတာပါပဲ။ Root ဆိုတာက Linux မှာဆိုရင်တော့ System ရဲ့ အဓိက အစိတ်အပိုင်းတည်ရှိရာ နေရာကို ပြောခြင်းဖြစ်ပါတယ်။ Android Phone တွေမှာဆိုရင်လဲ ဖုန်းတစ်ခုလုံးရဲ့ လည်ပတ်တဲ့ စနစ်ကို ထည့်သွင်းထားတဲ့ အဓိက နေရာ တစ်ခုပါ။ ဥပမာ - Windows Xp/ 7 စသည်ဖြင့် windows အသုံးပြု Computer တွေမှာဆိုရင်လဲ Windows ရှိနေတဲ့ (Eg: C:/ )နေရာမျိုးပေါ့။ အဲလောက်ဆို နားလည်မယ်လို့ ထင်ပါတယ်။  

ဘာကြောင့် Android Phone တွေမှာ Root လုပ်ရတာလဲ ..... ??   
Root ဆိုတာ ဘာလဲ ။ ဘယ်လို နေရာမျိုးလဲဆိုတာ စာဖတ်သူ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ အဲဒီတော့ အဲလို အဓိကကျတဲ့ အရေးကြီးတဲ့ နေရာ ၊ တစ်ခုခု မှားလုပ်မိရင် System တစ်ခုလုံး သုံးမရအောင် ဖြစ်သွားနိုင်တဲ့ နေရာမျိုးကို ဖုန်းထုတ်လုပ်တဲ့ သူတွေက ကွယ်ဝှက်ထားပါတယ်။ အသုံးပြုသူ user တွေ မတွေ့အောင် ၊ အသုံးပြုလို့ မရအောင် လုပ်ထားပါတယ်။ ဘာကြောင့်လဲ ?? ရှင်းရှင်းလေးပါ  .. ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့ ......  
Root မလုပ်ပဲ Official သုံးနေလို့ရောမရဘူးလား။ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိနေတယ်။ ဖုန်းနဲ့ အင်တာနက်လေးသုံးချင်တယ်။ website တွေ ၊ Forun တွေ ၀င်ကြည့်ချင်တယ်။ Chatting ထိုင်ချင်တယ်။ အဲဒီအတွက် ဖုန်းမှာ မြန်မာလို အသုံးပြုချင်တယ်။ မြန်မာလို စာရိုက်ချင်တယ်။ နောက်တစ်ခု ကိုယ့်ရဲ့ Android Version ကို Update လုပ်ချင်တယ်။ အသစ်အသစ် လေးတွေကို လူတိုင်းမက်မောတက်ကြတာပဲလေ။ ဖုန်းဝယ်ကတည်းက ပါလာတဲ့ Application တွေမှာ ကိုယ့်အတွက် အသုံးမ၀င်တာတွေက များနေတယ်။ ဖြုတ်ချလို့လဲ မရဘူး။ နောက်တစ်ခါ Android Application တွေကလဲ အစုံပဲ။ ပေါလိုက်တာ ။ IPhone လိုပိုက်ဆံပေးပြီး ၀ယ်ထည့်စရာလဲ မလိုဘူး။ game တွေကလဲ အစုံပဲ။   
စိတ်ကူးရှိတိုင်းထည့်နဲ့ ဖုန်းမှာပါတဲ့ Internal memory မှာတစ်ဖြည်းဖြည်းများလာမယ်။ အဲဒီအခါ ဖုန်းက လေးလာတယ်။ SD Card ထဲရွှေ့ထားချင်ပေမဲ့လည်း ရွှေ့လို့ မရဘူး။ နောက်ကိုယ့်ဖုန်းတစ်ခုလုံးကို Backup လုပ်ထားချင်တယ်။ မတော်လို့ ဖုန်းကပျက်သွားရင် အထဲက မှတ်ထားတဲ့ Content တွေ ၊ Message တွေ စသည်ဖြင့် အများကြီးပဲ။ ပျက်တာ သွားရင်တော့ ကြေကွဲပြီ။ အဲဒီလို ပြဿနာတွေ အများကြီးကို ဖြေရှင်းဖို့အတွက်က တစ်နည်းပဲ ရှိပါတယ်။ ဖုန်းထုတ်လုပ်သူတွေ ကွယ်ဝှက်ထားတဲ့ Root နေရာ ၊ သူတို့တွေ ဖျောက်ထားတဲ့ SuperUser ကို ကျွန်တော်တို့က လုယူကြရမှာပေါ့။ SuperUser ဆိုတာတစ်နည်းအားဖြင့် Windows မှာလိုဆိုရင်တော့ Administrator လိုမျိုးပါ။ Android OS တစ်ခုလုံးကို စိတ်ကြိုက် မွှေနှောက်ခွင့်ရှိတဲ့ စက်ရုပ်တစ်ရုပ်ပေါ့။ အဲဒီလို System တစ်ခုလုံးကို  စိတ်ကြိုက်မွှေနှောက်နိုင်ဖို့အတွက် ကျွန်တော်တို့ Android ကို Root လုပ်ရခြင်း ဖြစ်ပါတယ်။ အဲလောက်ဆို ဘာကြောင့် Root လုပ်တယ်ဆိုတာကို သဘောပေါက်မယ်လို့ ထင်ပါတယ်။ 
စာဖတ်သူတွေထဲက မသိ့သေးတဲ့သူတွေအတွက် Root လုပ်တဲ့အခါမှာ အသုံးပြုနေကြတဲ့ အထင်ကရ Tools လေးတွေကို ဗဟုသုတ အဖြစ် ဖော်ပြပေးလိုက်ပါတယ်။

-       Z Root

-       Gingerbreak

-       Easy Root Tookit

-       Eric Root

-       CF Root

-       Super one Click

-       Revolutionary (HTC)

-       S2 Root (Samxung Galaxy)

 စသည်ဖြင့် အများကြီး ရှိပါသေးတယ်။ စိတ်ဝင်စားတယ်ဆိုရင် အွန်လိုင်းမှာ မွှေနှောက်ပြီး ရှာကြည့်လို့ရပါတယ်။ Android နဲ့ပတ်သက်တဲ့ Site တွေ၊ Forum တွေအများကြီးရှိပါတယ်။ ဒါက မသိ့သေးတဲ့ သူတွေအတွက် ဗဟုသုအဖြစ် ရေးလိုက်တာပါ။ အဓိကကတော့ အခြေခံ သဘောတရားကို သေချာ နားလည်ဖို့ပါပဲ။ 

How to Root Samsung Galaxy Y GT-S5360 

နိဒန်း ပျိုးနေတာနဲ့ ဒီ ဇတ်လမ်းလေးက အခုမှ ရောက်တယ်။ Samsung Galaxy Y ကို Root လုပ်တဲ့အခါ အပေါ်က Software တွေကို သုံးပြီး လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဖုန်းမှာ ပါတဲ့ Recovery Mode ကိုအသုံးပြုပြီး Root လုပ်ပေးရမှာပါ။ 

Step 1 > ပထမဆုံး အောက်မှာ ကျွန်တော်ပေးထားတဲ့ Update.zip File ကို အရင် Download ဆွဲလိုက်ပါ။ File Size က 2.15 MB လောက်ပဲ ရှိပါတယ်။ 

Downloading Frommediafire

Downloading From sharebeast

Downloading From ziddu

Step 2 > update.zip file ကို download ဆွဲပြီးသွားပြီဆိုရင်တော့ ဖုန်းရဲ့ SD-Card ထဲကို Copy ကူးထည့်လိုက်ပါ။ Copy ကူးပြီးပြီဆိုရင် SD-Card ကို ဖုန်းထဲကို ပြန်ထည့်ပြီး Power ပိတ်လိုက်ပါ။Step 3 > တတိယ အဆင့်အနေနဲ့ ကျွန်တော်တို့ Recovery Mode ထဲကို ၀င်ရပါမယ်။ Recovery Mode ထဲကို ၀င်ဖို့အတွက် (Home Button + Volume up Button + Power Button ) ကို Seconds 20 လောက် ဖိနှိပ်ထားလိုက်ပါ။ Step 4 > Recovery Mode ကို ရောက်ပြီဆိုရင်တော့ Volume up and down buttonကို အသုံးပြုပြီး Update From SD Card ကို ရွှေးပေးလိုက်ပါ။ ဒီနေရာမှာ Touch အလုပ်မလုပ်ပါဘူး။ Volume button နှစ်ခုနဲ့ Home Button ကို အသုံးပြုရပါမယ်။Step 5 > SD Card ထဲရောက်သွားပြီဆိုရင် အစောက Copy ကူးထားတဲ့ update.zip file ကို ရွှေးပေးပါ။ ပြီး၇င် home Button ကို နှိပ်လိုက်ပါ။
Step 6> Root စလုပ်ပါလိမ့်မယ်။ ဘာတွေ ဖြစ်နေလဲ ကြည့်နေလိုက်ပေါ့ဗျာ။ ကျွန်တော်လည်း မမှတ်မိတော့ဘူး။ Root လုပ်တာ ပြီးသွားပြီဆိုရင် ဖုန်းကို Reboot လုပ်လိုက်ပါ။ 

အိုကေသွားပါပြီ ။ ဖုန်းပြန်ပွင့်လာတဲ့အခါ SuperUser စက်ရုပ်လေးရောက်နေပါ့လိမ့်မယ်။ ဒါဆို ခင်ဗျားဖုန်းကို စိတ်ကြိုက် ကလိလို့ ရ
ဒါကတော့ Zawgyi Font နဲ့ Keyboard ထည်းနည်းပါ  


Fecebook က အစ်ကိုတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် ကျွန်တော် ဒီ posts လေးကို ရေးလိုက်တာပါ။
Android ဖုန်းတွေ ၊ Tablet တွေမှာ မြန်မာလို မြင်ရဖို့ဆိုတာ တစ်ကယ်တော့ မခက်ခဲပါဘူး။ အဓိက
အရေးကြီးတာကတော့ မိမိရဲ့ Android ကို Roots လုပ်ထားဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့
Zawgyi Fonts ကိုထည့်တဲ့နေရာမှာ ကျွန်တော်တို့က Android System ကို လှည့်စားပြီးထည့်ပေး
ရပါလိမ့်မယ်။ သူ့ရဲ့ အဓိက System file တွေထဲကို ၀င်ပြင်ရမှာ ဖြစ်တဲ့ အတွက် တစ်ခါမှ
မလုပ်ဖူးရင်တော့ သေချာလေး ဂရုစိုက်ပြီး လုပ်စေချင်ပါတယ်။

ကျွန်တော် အဆင်ပြေအောင် အဆင့် (3) ဆင့်နဲ့ ရှင်းပြပေးပါ့မယ်။

Step (1)  Installing of Root Explorer

Step (2) Installing of Zawgyi Fonts

Step (3) Installing of Frozen Keyboard


Installing of Root Explorer

  ပထမဆုံး အနေနဲ့ Root Explorer ကို Install လုပ်ပါ့မယ်။ Root Explorer ဆိုတာလဲ File Mananger
Application တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ သူ့ကို install လုပ်လဲ ဆိုတော့ Zawgyi Fonts
သွင်းတဲ့နေရာမှာ ကျွန်တော်တို့က android ရဲ့ system file ထဲကို ၀င်ပြီး ထည့်ပေးရမှာပါ။ အဲဒီအတွက်
Roots Explorer က ပိုအဆင်ပြေပါတယ်။
အရင်ဆုံး အောက်မှာ ကျွန်တော် ပေးထားတဲ့ File ကို Download ဆွဲလိုက်ပါ။ အဲဒီမှာMyanmar Fonts
For Android ဆိုပြီး Zip File ရလာပါမယ်။

  Downloading From mediafire

Downloading From ziddusharebeast

Downloading From Sharebeast

အဲဒီထဲကမှ အရင်ဆုံး Root Explorer ကို အရင်သွင်းပါမယ်။ Root Explorer ကို သွင်းဖို့အတွက် Phone
ထဲက Unknown Source ကိုဖွင့်ထားပေးဖို့ လိုအပ်ပါတယ်။
Setting > Application > Unknown Source အဲဒီလမ်းကြောင်းအတိုင်း သွားလိုက်ပါ။Unknown
 Source ကို အမှန်ခြစ်ပေးလိုက်ပါ။ တစ်ကယ်လို့ သတိပေးစာ ပေါ်ခဲ့၇င်လဲ OK သာ နှိပ်ပေးလိုက်ပါ။
Download ဆွဲထားတဲ့ File ကို phone ရဲ့ SD Card ထဲကို ထည့်ထားပါ။
ကိုယ့်ရဲ့ phone ထဲက File Manager ကိုဖွင့်ပါ။ ဒါကတော့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး ပုံစံ
ကွာခြားတက်ပါတယ်။ အဲဒီ File Manager ထဲကမှတစ်ဆင့် SD Card ထဲကို copy ထည့်ထားတဲ့ Root
Explorer.apk ကိုရှာပါ။ တွေ့ပြီဆို၇င်  အဲဒီ .apk file လေးကို နှိပ်ပြီး install ကိုနှိပ်လိုက်ယုံပါပဲ။i
ဒါဆို ကျွန်တော်တို့ Roots Explorer ကို install လုပ်လို့ ပြီးသွားပါပြီ။
Installing of Zawgyi Fonts
Zawgyi Fonts Install လုပ်ဖို့အတွက် အစောက ထည့်ထားခဲ့တဲ့ Root Explorer ကိုဖွင့်ပါ။ software
 ကိုဖွင့်ဖွင့်ခြင်းမှာ Superuser Request ဆိုပြီး လာတောင်းခဲ့ရင် Allow ကိုနှိပ်ပေးလိုက်ပါ။ Root Explorer
 ဖွင့်တာနဲ့ / ထဲကို ရောက်နေပါလိမ့်မယ်။ အဲဒါက Roots လို့ ခေါ်ကြတဲ့ Directory ပါပဲဗျာ။ အဲဒီထဲကမှ
မိမိရဲ့ SD Card ကိုရှာပါ။

SD Card ထဲကို ရောက်သွားပြီဆိုရင် Download ဆွဲထားတဲ့ Folder ထဲမှာ Zawgyi Fonts ဆိုတာ
ပါပါတယ်။ အဲဒီထဲက DroidSans.ttf ဆိုတဲ့ File ကိုရှာပါ
DroidSans.ttf ကို တွေ့ပြီဆိုရင် 3 စက္ကန့်လောက်ဖိနှိပ်ထားလိုက်ပါ။
Option တစ်ခု ပေါ်လာပါမယ်။ အဲဒီထဲကမှ Copy ကိုရွှေးပြီး copy ကူးပါ။ အောက်မှာ Paste နဲ့ Cancel
ကိုမြင်ရပါလိမ့်မယ် ဘာမှ မနှိပ်မိပါစေနဲ့
Phone ထဲက Back ခလုတ်ကို နှိပ်ပြီးပဲ  / ကိုပြန်ရောက်အောင် ထွက်ခဲ့လိုက်ပါ။
/ ထဲကို ရောက်ပြီဆိုရင် system Folder ကိုရှာပါ။ အဲဒီ system folder ထဲကမှ fonts ဆိုတဲ့ folder ထဲကို
ထပ်ဝင်ပါ။ အဲဒီ အချိန်ကျမှ paste ခလုပ်ကို နှိပ်လိုက်ပါ။
Warning Box တစ်ခု တက်လာပါလိမ့်မယ် ။ read only ဖြစ်နေလို့ copy ကူးလို့ မရဘူးလို့ ပြောတာပါ။
 အပေါ်နားက permission နေရာမှာ Mount R/W ကို တစ်ချက် နှိပ်လိုက်ပါ။ Mount R/O
ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။ အဲဒါဆို Write လုပ်လို့ ရသွားပါပြီ ။ Paste ကို ပြန်နှိပ်လိုက်ပါ။
တစ်ကယ်တော့ DroidSans.ttf ဆိုတဲ့ နာမည်က Android Fonts ရဲ့ နာမည်ပါ။ ကျွန်တော်တို့က zawgyi
 fonts ကို android fonts နဲ့ အစားထိုးလှည့်စားလိုက်တဲ့ သဘောပါ။ အဲဒီအတွက် Zawgyi fonts ဆိုတဲ့
 နာမည်က DroidSans.ttf ဆိုပြီး ကျွန်တော် ပြောင်းထားလိုက်တာပါ။ စာဖတ်သူ ရှုပ်သွားမှာဆိုးလို့
ကျွန်တော် တစ်ခါတည်း ပြောင်းပြီး upload တင်ပေးလိုက်တာပါ။ အခု paste လုပ်လိုက်တဲ့အခါ Warning
box တစ်ခု ထပ်တက်လာပါလိမ့်မယ်။ DroidSans.ttf ဆိုတဲ့ Fonts က ရှိပြီးသားကြီး ဖြစ်နေပါတယ်ဆိုတဲ့
Warning ပါ။ Overwrite လုပ်မှာ ဖြစ်တဲ့ အတွက် Yes ကိုပဲ နှိပ်ပေးလိုက်ပါ။

နောက်ဆုံး အဆင့် တစ်ခု ကျန်ပါသေးတယ်။ အခု ကျွန်တော်တို့ overwrite လုပ်ပြီး ထည့်လိုက်တဲ့
 DroidSans.ttf ဆိုတဲ့ Fonts ကို Permission ပေးရပါမယ်။ အဲဒီအတွက် DroidSans.ttf ပေါ်မှာ 3
စက္ကန့်လောက်ဖိထားလိုက်ပါ။ permission ကိုရွှေးပြီး အားလုံးကို အမှန်ခြစ်ပေးပါ။ ပြီးရင်တော့ ok
ကိုနှိပ်ပေးလိုက်ပါ။ အဆင်ပြေသွားပါပြီ .. အစောက ပြောင်းခဲ့တဲ့ Mount R/O ကို Mount
R/W ဖြစ်သွားအောင် ပြန်ပြောင်းပေးခဲ့လိုက်ပါ ။ မှားဖျက်မိတဲ့ အန္တရယ်က ကာကွယ်ပြီးသားရတာပေါ့ ။
အခုဆိုရင် Zawgyi fonts ကို Install လုပ်ပြီးပါပြီ။ မြန်မာလို ရေးထားတဲ့ message တွေ ၊
website တွေကို
ကြည့်လို့ ရသွားပါပြီ ။ ဒါပေမဲ့ ကျွန်တော်တို့ကိုယ့်ဘာကိုယ်တော့ စာရိုက်လို့ မရသေးဘူးဗျ ။
ဘာဖြစ်လို့လဲဆိုတော့ Keyboard မထည့်ရသေးဘူးလေ ….
အခု ကျွန်တော် DroidSans.ttf ဆိုတဲ့ File ကို အစားထိုးပြီး Zawgyi Fonts ထည့်နည်းကို ပြောခဲ့ပါတယ်။
ကျွန်တော် upload တင်ထားတဲ့ download Folder ထဲမှာက DroidSansFallback.ttf ဆိုတဲ့ fonts
တစ်ခုလည်း ပါပါသေးတယ် ။ အကယ်၍ တစ်ချို့ဖုန်းတွေမှာ DroidSans.ttf ကို ထည့်လို့မှ မြန်မာလို
မပေါ်ခဲ့ဘူးဆိုရင် DroidSansFallback.ttf ကိုပါ အပေါ်က ပြောခဲ့တဲ့ နည်းအတိုင်း ထပ်ထည့်ပေးလိုက်ပါ။
DroidSans.ttf ကိုထည့်လို့ မြန်မာလို ပေါ်ခဲ့ရင်တော့ ထပ်မထည့်ပါနဲ့ ။


Zawgyi Keyboard သွင်းနည်း

Zawgyi Keyboard ထည့်သွင်းဖို့အတွက်လဲ ကျွန်တော်ပေးထားတဲ့ ထဲက FrozenKeyboard_1.1.3.apk
ကို SD Card ထဲ ထည့်ပြီး Software ကို Install လုပ်လိုက်ပါ။
Install လုပ်ပြီးသွားရင်တော့ မိမိ Phone ထဲက Setting ထဲကို ၀င်ပါ။
အဲဒီထဲမှာမှ Frozen Keyboard ဆိုတာ နှစ်ခု ပေါ်နေပါလိမ့်မယ်။ တစ်ခုက Setting အတွက်ပါ။
အရင်ဆုံး ကျွန်တော်တို့က Frozen Keyboard ကို ဖွင့်ပေးမှာ ဖြစ်တဲ့အတွက် Frozen keyboard Settings
ဆိုတာ မပါတဲ့ကောင်ကိုပဲ အမှန်ခြစ်နှိပ်ပေးလိုက်ပါ။

အဲဒီမှာ သတိပေးတဲ့ message တစ်ခု ပေါ်လာပါလိမ့်မယ်။ OK ကိုသာ နှိပ်ပေးလိုက်ပါ။
ကိုယ့်ရဲ့ မြန်မာစာ keyboard က တစ်ကယ်အလုပ်မလုပ်ကို Message မှာ စမ်းရိုက်ကြည့်ပါ။
Message ပို့တဲ့နေရာကို သွားလိုက်ပါ။ အဲဒီမှာ မြန်မာလို ရိုက်ဖို့ မပေါ်သေးပါဘူး ။ စာရိုက်တဲ့
အကွက်ကလေးမှာ 3 စက္ကန့်လောက်ဖိထားပြီး Input Method ထဲကနေမှ Frozen Keyboard ကို
ရှာပြီး ရွေးပေးလိုက်ပါ။
အဲဒါဆိုရင်တော့ Keyboard ပုံစံ ပြောင်းသွားပါပြီ ။ အင်္ဂလိပ်ကနေ မြန်မာစာ ပြောင်းဖို့ အတွက်လဲ (ABC
<> ကခ) ခလုတ်ကလေးနဲ့ အလွယ်တစ်ကူ ချိန်းပြီး အသုံးပြုနိုင်ပါတယ် ။
အဲလောက်ဆို၇င်တော့ ကိုယ့်ဘာကိုယ် စမ်းလို့ အဆင်ပြေနိုင်မယ် ထင်ပါတယ် ….. သေချာ အသေးစိတ်
 ရှင်းမပြနိုင်တာကိုတော့ နားလည်ပေးပါ ခင်ဗျာ …

အိုကေသွားပါပြီ ။ ဖုန်းပြန်ပွင့်လာတဲ့အခါ SuperUser စက်ရုပ်လေးရောက်နေပါ့လိမ့်မယ်။ ဒါဆို ခင်ဗျားဖုန်းကို စိတ်ကြိုက် ကလိလို့ ရသွားပါပြီ။ 

အားလုံးပဲ အဆင်ပြေကြပါစေ ....  လေးစားစွာဖြင့် ....ရန်နိုင်

Thursday, March 19, 2015

Y325-T00 Official Firmware တင်နည်း

Y325-T00 Official Firmware တင်နည်း

Huawei ရဲ့ အခု နောက် ပိုင်းထွက်..လာတဲ့..Y Series Model Y325-T00 ဖြစ်ပါတယ်..မြန်မာစာထည့်လို့ပဲဖြစ်ဖြစ်..

အကြောင်းတစ်ခုခု ကြောင့်..logo ကနေ ပြန်မတက် တော့ဘူး..ဆိုရင်တော့..Firmware ကို မဖြစ်မနေတင်ရတော့မှာပါ...လိုအပ်တဲ့ Firmware ကို အောက် က Link တွင်.ဒေါင်းယူလိုက်ပါ...ပီးတော့..ဖုန်း ကို.Battery ဖြုတ်..ဒေါင်းလို့..ရလာတဲ့.ဖိုင်းထဲမှ..dload folder ကို..Quality ကောင်းတဲ့.SD Card အလွတ် တစ်ခု ထဲထည့်ပီး..SD Card အား ဖုန်း ထဲ့ထည့်ပါ..Recovery Mode ကနေ..၀င်ရေး ရမှာ ဖြစ်ပါတယ်..Recovery Mode ၀င် နည်း ကတော့..အခြား ဖုန်း နဲ့ မတူပါဘူး သူ့ကို..Power key ကို.3 Second နှိပ်ပီး.လွှတ် လိုက်ပါတယ်..Volume Up + Volume Down ပြိုင်တူ.နှိပ်လိုက်ပါ..ခဏ နေ..Recovery Mode ထဲ ရောက် သွားရင် လွှတ် လိုက်ပါ.Recovery mode မှ..Install update from SD Card ကို..ရွှေး ပေး လိုက်ရင် သူကဟာသူ.အလုပ်လုပ်နေပါလိမ့်မယ်..ပီးရင် တော့.Restart ဖြစ်သွားလိမ့်မယ်..Firmware အသစ် ပြန်ရနေပြီပေါ့။
File sizs 154MB ရှိပါတယ်​။အောက်​မှာ
ဒေါင်းလုပ်​ရယူသွားပါ။

Wednesday, March 18, 2015

ကွန်ပြူတာ Notepad မှ မြန်မာစာ သိမ်းချင်တဲ့ သူတွေအတွက် မြန်မာစာပေါ်အောင် ဒီနည်းလေး ကို ကြည့်လိုက်ပါ

ကွန်ပြူတာ Notepad မှ မြန်မာစာ သိမ်းချင်တဲ့ သူတွေအတွက် မြန်မာစာပေါ်အောင် ဒီနည်းလေး ကို ကြည့်လိုက်ပါ













ကျနော်တို့ ကွန်ပြူတာသုံးတဲ့ သူတိုင်း ဟာ Website တွေထဲက စာတွေ, ကဗျာ တွေ ပြီးတော့ လင့်တွေကို Notepad ထဲမှာ သိမ်းကြပါတယ်။ အခု မြန်မာစာကို Notepad ထဲမှာ သိမ်းရန် Save ပြီးတိုင်း ပုံကလို ???? ပဲ ပေါ်နေတဲ့ သူငယ်ချင်းတွေအတွက် ဖြေရှင်းနည်းလေး ဖြစ်ပါတယ်။ လူဟောင်းတွေကတော့ လူတိုင်း နည်းပါး ဒါကို နားလည်ကြပါတယ်။ 
အခုမှ စသုံးတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ဒီနည်းလေးရေးတင်ပေးလိုက်တာပါ။ မေးလာကြတာလည်း များလာလို့ အလွယ် ကြည့်နိုင်အောင် ဒီနည်းလေးတင်ပေးလိုက်တာပါ။ ကွန်ပြူတာ သုံးသူတိုင်း လူတိုင်း ဖြစ်မနေ Notepad ကို အသုံးပြုရတာပါ။ အောက်မှာ ပုံနှင့်တကွ သေချာလေး ပြထားပေးပါတယ်။ အားလုံး နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အရင်ဆုံး မိမိကွန်ပြူတာရဲ့ Dasktop နေရာလွတ်တခုခုကို Right Click ထောက်လိုက်ပြီး အောက်ကပုံကို ကြည့်လိုက်ပါ။





















 New ကိုကလစ်ပြီး Text Documant ကို ကလစ်လိုက်ရင် Dasktop မှာ Text ဖိုင်တခု ဖြစ်လာပါတယ်။ အဲဖိုင်ကို ဖွင့်ပြီး မြန်မာစာရေးရင် အောက်က ပုံလို အတုံးတွေသာ မြင်ရပါမယ်။













 မြန်မာစာ မြင်ရဖို့က အောက်ကပုံကိုပြည့်လိုက်ပြီး ဆက်လုပ်လိုက်ပါ။ Format ကိုကလစ်ပြီး Font ကိုကလစ်လိုက်ပါ။
















 ပြီးရင် အောက်ကပုံလို ဘောက်တခုကျလာပါမယ်။ အဲအခါဆိုရင် Zawgyi-One ကိုပြောင်းပြီး OK ပေးလိုက်ပါ။























 ဒါဆိုရင်တော့ မြန်မာလိုမြင်ရပါပြီ။ Save ဖို့က အောက်ကပုံကို ဆက်ကြည့်လိုက်ပါ။ အရင်ဆုံး File ကို နှိပ်ပြီး Save As ကို ကလစ်လိုက်ပါ။














Save As ကို ကလစ်ပြီးတာနဲ့ အောက်ကပုံလို ဘောက်တခုကျလာပါမယ်။ ဒီနေရာမှာ အရေးကြီးပါတယ်။ Encoding နေရာမှာ ANSI နဲ့ ပြနေပါတယ်။ အဲတာကို ဒီအတိုင်း Save လိုက်ရင်တော့ ???????? ပုံတွေပဲ ပေါ်ပါမယ်။ အောက်မှာ မြားပြထားသလို Unicode ပြောင်းပြီးမှ Save ပါ။
 ပြီးရင် Do You Want To Replay It ဆိုတဲ့ စာတန်းနဲ့ ဘောက်တခုကျလာရင် Yes သာပေးလိုက်ပါ။ ဒီအဆင့်ပြီးရင်တော့ အားလုံး အဆင်ပြေပါပြီ။

Tuesday, March 17, 2015

FACEBOOK HACK နည်းလေး

FACEBOOK HACK နည်းလေး (အားလုံးအတွက် မျှ ဝေပေးခြင်း)


Facebook အကောင့် Hack နည်း နှင့် ပြန်လည်ရယူနည်း ~~~
အခုပြောပြမယ့်လမ်းကတော့ လူတိုင်းသတိမထာမိတဲ့အချက်တွေပါ သတိပြုမိတဲ့သူတွေလည်ရှိမှာပါ မရှိတဲ့သူတော့ တော်တော်များပါတယ် ကျနော်တွေ့သမျှတော့ တော်တော်များတယ် ဒါပေမယ့်လည် သွာမပြောရဲဘူး တော်ကြာကိုယ်ပြောပြီးမှ သူ့အကောင့်တစ်ခုခုဖြစ်တယ်ဆို ပြသနာရှာမှာဆိုလို့။ ကျနော်တွေ့သမျှ
ထဲက သံဃာတော်တွေပိုင်းတဲ့အကောင့်တွေလောက်ပဲ သတိပေးပြောပါတယ်.ကိုယ်တွေအချင်းချင်းတော့မပြောရဲလို့ အခုလိုပိုစ့်လေးတင်ဖြစ်သွာတာပါ အောက်မှာလေ့လာကြပါ။
အထက်ပါပုံအတိုင်း ကျနော်တို့ ပြစ်မှတ်ရဲ့ဖေ့ဘုတ်အကောင့်က About ကိုနှိပ်ပြီးဝင်လိုက်ပါမယ် Contact Info မှာ အကောင့်ကိုဖွင့်ထာတဲ့ Email ကိုဖွတ်ပေးမယ့်
ဖေ့ဘုတ်မေလ်ကိုတော့မဖွက်ထာတဲ့အတွက် အဲဒီပုံမှာပါတဲ့အတိုင်း အဲဒီမေလ်နဲ့အကောင့်ကိုယူပါမယ်..ပုံမှာပါတဲ့မေလ်ကို Copyကူးယူလိုက်ပါ..ထို့နောက်
အဆင့်-1
Facebook – Browser ထဲကို ဝင်လိုက်ပြီးနောက် အထက်ပါပုံအတိုင်း Email or Phone ဆိုတဲ့ Box မှာ စောစောက ကူးယူလာတဲ့ဖေ့ဘုတ်မေလ်ကိုဖြည့်လိုက်ပါမယ်
ထို့နောက် Forgot your password? ဆိုတာကိုနှိပ်လိုက်ပါ။
အဆင့်-2
Email, phone or Facebook username ဆိုပြီးအထက်ပါပုံအတိုင်း ပေါ်လာပါတယ်။Email, phone or Facebook username ဆိုတဲ့ Boxမှာ စောစောက ကူးယူလာတဲ့ဖေ့ဘုတ်မေလ်ကိုဖြည့်လိုက်ပါ ..ဖြည့်ပြီးပါက Search ဆိုတာကိုနှိပ်ပါက ကျနော်တို့လိုခြင်းနေတဲ့ ဖေ့ဘုတ်အကောင့်ပေါ်လာပါမယ်။
အဆင့်-3
အထက်ပါပုံအတိုင်း သင့်အကောင့်လားလို့ဆိုပြီးမေးလာပါမယ်.. အဲဒီမှာပါတဲ့ Yes , This is my account ကိုနှိပ်ပေးလိုက်ပါ
အဆင့်-4
အထက်ပါပုံအတိုင်း Pasword ပြန် rest လုပ်မလားလို့ မေးပါလိမ့်မယ် ခဏနေအုန် ဘာမှမနှိပ်ပါနဲ့။ အရေးကြီးတဲ့ အပိုင်းစလာပါပြီး ကျနော်တို့ ရယူမို့ကြိုစားနေတဲ့ ဒီအကောင့်ကို အသုံးမပြုတာ အတော်ကြာနေတယ်ဆို I have on longer use this account ဆိုတာပေါ်နေပြီး။လက်ရှိအသုံးပြုနေဆဲဆိုပါက No longer have access to these? ဆိုပြီးပေါ်နေပါမယ် အခုကျနော်ယူမယ့်အကောင့်က သုံးနေဆဲအကောင့်ပါ.အဲဒီတော့ No longer have access to these? ဆိုတာကိုနှိပ်လိုက်ပါမယ်
အဆင့်-5
I have no longer use this account ကို နှိပ်လိုက်ပြီးပါက အထက်ပါပုံအတိုင်း
Please enter an email address that you know you can access. We'll use this address to send you messages about recovering your account.
ဆိုပြီးတော့ boxထပ်ကျလာပါမယ်အဲဒီမှာ email address ဖြည့်စွက်ရမယ့်မေလ်က Facebook အကောင့် လုံးဝမဖွင့်ရသေးတဲ့ မေလ်အသစ်ဖြစ်ရပါမယ်.အဲဒီမှာပုံအတိုင်း
မေလ်ကိုနှစ်ကြိမ်းဖြည့်ရပါမယ်သို့သော် ကျနော်တို့ဖြည့်လိုက်တဲ့မေလ်ကို ဖေ့ဘုတ်ကနေ မေလ်ပို့လာမှာမဟုတ်ပါဘူး ဘာဖြစ်လို့လည်ဆိုတော့ Security layerကြောင့်ပါ။
ကယ်ကျနော်တို့မေလ်အသစ်ဖြည့်ပြီးပါက Continue ဆိုတာကိုနှိပ်လိုက်ပါမယ်..။
အဆင့်-6
အထက်ပါပုံကတော့ ဒီအကောင့်ကို ရယူရန်အတွက်လုပ်ဆောင်ရမယ့်အဆင့်ကိုပြထာပါ..ထို့နောက် Continue ဆိုတာကိုပဲ ဆက်နှိပ်ပါ
အဆင့်-7
စပါပြီး 3 trusted friends အစီစဉ်ကျနော်တို့ရယူမယ့် Facebook အကောင့်ထဲက 3 trusted friends ရွေးရပါတော့မယ် အဲဒီအကောင့်ထဲမှာ ကျနော်တို့အနေနဲ့
3 trusted friends အစီစဉ်အောင်မြင်အောင် အကောင့်တွေကြိုတင်အက်ထာပြီးတော့ အဲဒီထဲက ကျနော်တို့ အက်ထာတဲ့အကောင့်3ခုကိုရွေးလိုက်ပါမယ်
အကောင့်3ခုရွေးပြီးပါက Continueဆိုတာကိုနှိပ်ပါ..(မှတ်ချက်-အကောင့်တစ်ခုရွေးပြီးတိုင်Continueဆိုတာကိုနှိပ်ပါ)
အဆင့်-8
အထက်ပါပုံအတိုင်း သူငယ်ချင်3းယောက်ရွေးပြီးပါက Send Codes to Friends ဆိုတာကိုနှိပ်လိုက်ပါ..။
အဆင့်-9
အထက်ပါပုံအတိုင်း ကျနော်တို့ရွေးချယ်လိုက်တဲ့ အကောင့်3ခုကို ကုဒ်တွေပို့လာပါမယ် အဲဒီကုဒ်တွေကို ဖြည့်ပြီးပါက Submit Condes ဆိုတာကိုနှိပ်ပါက.။
အဲဒီအဆင့်ပြီးတာနဲ့ -ကျနော်တို့ရယူမယ့်အကောင့်ကို Recover လုပ်ရပါပြီး..။
ဒီလိုအရမ်းလွယ်ကူတဲ့ ဟက်နည်းလမ်းပါ ဘာTool မှမသုံးပဲ ဟက်သွားတာ ဖြစ်ပါတယ်။ဒီလောက်လွယ်တာလည်ဆိုတော့ Security Question ကိုမခံထာလို့ပါ တကယ်လို့ Security Questionခံထာလည် လွယ်တဲ့ Security Questionပြုလုပ်ထာပါကလည် ရယူသွာပါမည်။
ကျနော်တို့အနေနဲ့ အကောင့်ယူလို့မအောင်မြင်ရင်တောင် အဲဒီအကောင့်သေချာပေါက် Lock ကျပါမယ်.အင်မတန် ကြောက်စရာ ကောင်းပါတယ်။
ကာကွယ်ရမယ့်အချက်တွေကတော့
1- Facebook ဖွင့်ထားတဲ့ Emailကို Only Me လုပ်ထာပါ။
2- Facebook ကပေးတဲ့ Emailကိုလည် Only Me လုပ်ထာပါ
3- Security Question ကို လေးလေးနက်နက်ပြုလုပ်ထာပါ
4-ကိုယ့်မသိတဲ့ သူတွေလာအက်ရင်လက်မခံမို့ပါ
Security Question ကို ပြီးပြီးရောဆိုပြီး အလွယ်တကူတွေထားတော့ ရယူမယ့်သူက အေးဆေယူသွာမှာပေါ့။ Security Question လေးလေးနက်နက်ပြုလုပ်ထားရင် အကောင့်ဟက်ခံရခြင်းမှစိတ်ချရပါမယ်။
အဓိကသတိပေးခြင်းတာကတော့ Security Questionလေးလေးနက်နက်ပြုလုပ်ထာပါလို့အကြံပြုခြင်းပါတယ်။
အခုပိုစ့်လေးကို မိတ်ဆွေ သူငယ်ချင်းအချင်းချင်း အကောင့် ပျောက်ဆုံးခြင်းမရှိစေရန် လက်ဆင့်ကမ်းမျှဝေးပေးပါရန် တိုတ်တွန်းလိုက်ပါသည်။

facebook ID card ပြုလုပ်နညါ်း


Facebook ID Card ပြုလုပ်နည်း


မင်္ဂလာပါ  မိတ်ဆွေများ တောင်းဆိုထားတဲ့  Facebook ID  ကဒ်လုပ်နည်းလေးပါ.. ဒါလေးကတော့
အပျင်းပြေပေါ့နော်..ေိေိ  သူများတွေ လုပ်တော့ လုပ်ခြင်ကြတာဘဲလေ အဲတော့ နည်းလမ်းကို အောက်မှာ ပြထားပါတယ်  အလွယ်လေး...။

ပထမဆုံးဒီနေရာမှာ click လိုက်ပါ
အဲ့ဒီစာမျ က်နှာက click here to get you facebook id card! စာတမ်းကိုနိပ်ပါ
ဒုတိယစာမျက်နာကို ရောက်တဲ့အခါ okey ဆိုတာနိပ်ပါ

ဒါဆိုမိတ်ဆွေတို့လိုချင်တဲ့ facebook id card ကိုရပါပြီ။
 အဆင်ပြေကြပါစေ။